တောင်ကိုရီးယား ဆေးရုံမီးလောင်မှု လူ ၄၀ ထက်မနည်းသေဆုံး
တောင်ကိုရီးယား ဆေးရုံမီးလောင်မှု လူ ၄၀ ထက်မနည်းသေဆုံး
တောင်ကိုရီးယား နိုင်ငံမှာ လူပေါင်း ၄၀ ထက်မနည်းသေဆုံးခဲ့ရတဲ့ ဆေးရုံမီးလောင်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေလုပ်သွားဖို့တောင်ကိုရီးယား အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။ အဲဒီဆေးရုံမီး ကို မီးသတ်သမားတွေ ၇ နာရီကြာအောင်ငြှိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ တောင်ကိုရီးယားမှာ အချိန် ၁ လ ကျော်ကျော်လောက်အတွင်း ဒုတိယအကြိမ် မီးအကြီးအကျယ် လောင်ကျွမ်းခြင်းလည်း ဖြစ်လို့ အဆောက်အအုံဘေးကင်းလုံခြုံမှုနဲ့ပတ်သက်လို့မေးခွန်းတွေ ထွက်လာနေပါတယ်။
ကိုထက်အောင်က ပြောပြမှာပါ။