ဦးကိုနီ လုပ်ကြံခံရခြင်း တနှစ်ပြည့် အောက်မေ့ဖွယ် ကျင်းပ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဦးကိုနီ လုပ်ကြံခံရခြင်း တနှစ်ပြည့် အောက်မေ့ဖွယ် ကျင်းပ

လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ရဲ့ ဥပဒေ အကြံပေး ဦးကိုနီ လုပ်ကြံ ခံရတာ ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်မှာ တနှစ် တင်းတင်း ပြည့်ခဲ့ပါတယ်။

ဒီနေ့တော့ ဦးကိုနီ နဲ့ လုပ်ကြံ သတ်ဖြတ် သူ ကို ဖမ်းဆီး ပေးခဲ့တဲ့ တက္ကစီ ယာဉ်မောင်း ကိုနေဝင်း တို့ကို ဂုဏ်ပြု အောက်မေ့ဖွယ် အခမ်းအနား ကို ရန်ကုန် မြို့က တော်ဝင် နှင်းဆီ ခန်းမမှာ ကျင်းပ ခဲ့ကြပါတယ်။

ဒီ အခမ်းအနား ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း သဝဏ်လွှာ ပေးပို့ ခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် ကိုလပြည့်ကို က သတင်းပေးပို့ ထားပါတယ်။