ဆောင်းရာသီ အိုလံပစ် ပြိုင်ဖို့ ကြိုးစားနေတဲ့ ဗြိတိသျှ မသန်စွမ်း စကီးသမား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆောင်းရာသီ အိုလံပစ် ပြိုင်ဖို့ ကြိုးစားနေတဲ့ ဗြိတိသျှ မသန်စွမ်း စကီးသမား

ဆောင်းရာသီအိုလံပစ် စဖို့နီးလာနေပါပြီ။ ဗြိတိသျှ စကီးသမား အက်ဒ် စတီဗင် အဖို့ကတော့ ဒီလိုပြိုင်ပွဲမျိုးမှာ ဝင်နွှဲဖို့မျှော်လင့်နေပါတယ်။ သူဟာ အရင်က လူငယ်စကီး ချန်ပီယံဖြစ်ခဲ့ပေမယ့် အသက် ၁၉ နှစ်မှာ ကားတိုက်မှုကြောင့် ဦးနှောက်မှာ ထိခိုက်သွားခဲ့ပြီး ခန္ဓာကိုယ် အောက်ပိုင်းမလှုပ်ရှားနိုင်တော့ပါဘူး။ အဲဒီကနေ ၅ နှစ်ကြာပြီးနောက်မှာ သူဟာ မလုပ်နိုင်တော့ဘူးလို့ ထင်ထားခဲ့ကြတဲ့ စကီးစီးခြင်းကို တဖန်ပြန်လည်စတင်ခဲ့ပါပြီ။

ကိုထွေးက ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ