လေလှိုင်းပေါ်က ပညာသင်ကြားမှု
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လေလှိုင်းပေါ်က ပညာသင်ကြားမှု

ကွန်ဂိုဒီမိုကရက်တစ် သမ္မတ နိုင်ငံမှာ ကျောင်းတက်ဖို့က သိပ်မလွယ်ပါဘူး။ ကျောင်းတွေ အလုံအလောက် မရှိတာလည်းပါပါတယ်။ နိုင်ငံအရှေ့ပိုင်းမှာဆို ကျောင်းသူလေးတွေ ကျောင်းသွားတုန်းမှာ တိုက်ခိုက်ခံရမှာကိုစိုးရိမ်ရတဲ့ မလုံခြုံမှုတွေကလည်း ရှိပြန်ပါတယ်။ Vumi Lenatha ကတော့ သူ့အိမ်က ကျောင်းထားပေးဖို့ကို မတတ်နိုင်တာပါ။ ဒါပေမယ့် သူတို့နေတဲ့Uvira မြို့အနားမှာ ဒီအတွက် နည်းတနည်းနဲ့ဖြေရှင်းနေပါတယ်။ ဒါကတော့ ရေဒီယိုကနေ စာသင်ခြင်းပါ။ သူ့လိုပဲ တခြားမိန်းကလေး ၂၅၀၀ ဟာ လေလှိုင်းပေါ်က တဆင့် ပညာ သင်နေကြပါတယ်။ ကိုကျော်ဇေယျက ပြောပြမှာပါ။