အာဖဂန်ရဲ့ ၇၀ ရာခိုင်နှုန်းမှာ တာလီဘန်တွေ ပြန်ခေါင်းထောင်လာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အာဖဂန်ရဲ့ ၇၀ ရာခိုင်နှုန်းမှာ တာလီဘန်တွေ ပြန်ခေါင်းထောင်လာ

အာဖဂန်နစ္စတန်ရဲ့ ၇၀ ရာခိုင်နှုန်းမှာ တာလီဘန်တွေ ပြန်လှုပ်ရှားနေပြီဖြစ်တာကို ဘီဘီစီက စုံစမ်း နိုင်ခဲ့ပါတယ်။ ဒီစစ်သွေးကြွတွေ ခြေကုတ်ပြန်ရလာနေတာ နှစ်အတန်ကြာပြီဖြစ်ပေမယ့် ဘယ်အတိုင်းအတာထိ ရနေပြီလဲ ဆိုတဲ့ အချက်အလက် အတိအကျနဲ့က ထွက်လာတာ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အဲဒီက ဘီဘီစီ သတင်းထောက် တွေက ဒေသခံပေါင်း ၁၂၀၀ ကျော်ကို ဆက်သွယ် မေးမြန်းခဲ့တာဖြစ်ပြီး နိုင်ငံတွင်းက ခရိုင် ၃၉၉ ခုမှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကို ခြုံကြည့်တဲ့အခါမှာလတ်တလော အခြေအနေတွေ ရုပ်လုံးပေါ်လာတာပဲဖြစ်ပါတယ်။

အူလီယ အက်ရာဖီနဲ့ ကင်မရာကိုင်တဲ့ ရှိအစ် ရှာရီဖီ တို့ဟာ နိုင်ငံတွင်းက သွေးမြေကျမှု အများဆုံးဒေသဖြစ်တဲ့ ဟဲလ်မန် ပြည်နယ်ထဲကိုသွားရောက်သတင်းယူနိုင်ခဲ့ပါတယ်။ ကိုအောင်သွင်က ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ