ဝိဂါတွေအပေါ် တရုတ်ဆက်ဆံပုံ ဗြိတိန်စိုးရိမ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဝိဂါတွေအပေါ် တရုတ်ဆက်ဆံပုံ ဗြိတိန်စိုးရိမ်

ဗြိတိသျှ ဝန်ကြီးချုပ် ထရီဆာမေဟာ ဒီသတင်းပတ်ထဲမှာ တရုတ်နိုင်ငံကိုသွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ရောက်ရှိနေစဉ်မှာ သူက တရုတ်အနောက်ပိုင်းက ရှင်ကျင်းပြည်နယ်ထဲမှာရှိတဲ့ မွတ်စလင်တွေကို ဆက်ဆံပုံနဲ့ပတ်သက်လို့ ဗြိတိသျှ အစိုးရအနေနဲ့စိုးရိမ် ကြောင်း ပြောခဲ့ပါတယ်။

အဲဒီမှာရှိတဲ့လူနည်းစုတွေကို စွဲချက်မဲ့ ဖမ်းဆီးထိန်းသိမ်းတာတွေရှိနေတယ်လို့ ဆိုပါတယ်။ ဘီဘီစီ ရဲ့တရုတ်ပြည်ဆိုင်ရာ သတင်းထောက် John Sudworth ဟာ ပြည်ပ မီဒီယာတွေ ဝင်ထွက်ခွင့်တွေ တင်းကျပ်ထားတဲ့ အဲဒီ ဒေသထဲကိုသွားရောက်နိုင်ခဲ့ပါတယ်။

ကိုရင်မောင်က ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ