အာဖဂန်မှာ ဖမ်းဆီးခံထားရတဲ့ အိုင်အက်စ် အဖွဲ့ဝင်နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အာဖဂန်မှာ ဖမ်းဆီးခံထားရတဲ့ အိုင်အက်စ် အဖွဲ့ဝင်နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်း

ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်း အာဖဂန်နစ္စတန်က ကာဘူးလ်မြို့တော် မှာ ဖြစ်ခဲ့တဲ့ အကြီးစား တိုက်ခိုက်ခံရမှုတွေ အတွင်း လူပေါင်း ၁၂၀ကျော်သေဆုံးခဲ့ရပါတယ်။

အဲဒီထဲက ၂ ကြိမ်က တာလီဘန် အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျန်၁ ကြိမ်ကတော့ အစ္စလာမ်မစ်နိုင်ငံ အိုင်အက်စ်အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အိုင်အက်စ် အဖွဲ့ထိန်းချုပ်ထားတဲ့ နယ်မြေဟာ တာလီဘန်တွေလောက်မများပေမယ့်ပြီးခဲ့တဲ့ နှစ်အတွင်းကာဘူးလ်မြို့တော်မှာ အိုင်အက်စ်တွေရဲ့ တိုက်ခိုက်မှုတွေက ကျန်အဖွဲ့တွေထက်ပိုများခဲ့ပါတယ်။

ဘီဘီစီ သတင်းထောက် ဆီကွန်ဒါ ခါမာနီက ကာဘူးလ်မြို့တော်မှာ ဖမ်းဆီးခံထားရတဲ့ အိုင်အက်စ် အဖွဲ့ဝင်တယောက်နဲ့ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။

ကိုအောင်သွင်က ပြောပြမှာပါ။