ပြုံးချမ်း ဆောင်းရာသီ အိုလံပစ် အကြို
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပြုံးချမ်း ဆောင်းရာသီ အိုလံပစ် အကြို

သောကြာနေ့ဆိုရင် တောင်ကိုရီးယားက ပြုံးချမ်းမှာ ၂၃ ကြိမ်မြောက် ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲ ကိုစတင် ဖွင့်လှစ်ပြီဖြစ်ပါတယ်။

တောင်နဲ့မြောက် နှစ်နိုင်ငံအကြား တင်းမာမှုတွေလည်း လျော့ကျသွားခဲ့သလို မြောက်ကိုရီးယား ကလည်း အားကစား ၅ မျိုးမှာ ယှဉ်ပြိုင်ဖို့ အားကစား သမား ၂၂ ဦးကို စေလွှတ်ထားပါတယ်။

တဘက်မှာတော့ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံထားရတဲ့ရုရှားအားကစား သမား တွေ ကိစ္စကလည်း ပြိုင်ပွဲအပေါ် ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပြိုင်ပွဲဟာ နှစ်နဲ့ချီ ကြိုးပမ်းခဲ့ကြသူတွေ အစွမ်းပြခွင့်ရကြမယ့် ပွဲ ကြီးတပွဲဖြစ်လာတော့မှာပါ။ ကိုမင်းထက်က ပြောပြမှာပါ။