အရှေ့ဂူတာမှာ အစာနဲ့ ဆေးဝါး ရှားပါး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အရှေ့ဂူတာမှာ အစာနဲ့ ဆေးဝါး ရှားပါး

ဆီးရီးယားက အရှေ့ ဒီယာ အဲလ်ဇူးပြည်နယ် အတွင်း အမေရိကန်က ထောက်ပံ့ပေးထားတဲ့ သူပုန်တွေကို လာရောက်တိုက်ခိုက်ခဲ့တာကို ပြန်လည် ခုခံတိုက်ခိုက်ခဲ့ရာမှာ အစိုးရ လိုလားတဲ့ တပ်ဖွဲ့ဝင် ၁၀၀ သေဆုံးသွားတယ်လို့ အမေရိကန်က ပြောပါတယ်။

ဒမတ်စကပ်စ် မြို့အပြင်ဘက် မှာရှိတဲ့ အရှေ့ဂူတာရဲ့အစွန်အဖျား ဒေသ ထဲကို အစိုးရလေတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးသွားခဲ့ပါတယ်။

အရှေ့ဂူတာ ဟာ သူပုန်တွေလက်ထဲမှာ ရှိနေဆဲဖြစ်ပြီးသမ္မတ အာဆတ်ဒ်ဘက်က တပ်တွေနဲ့ တိုက်ပွဲတွေကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်တောက်နေပါတယ်။

အဲဒီက အခြေအနေတွေကို ကိုအောင်သွင်က ပြောပြမှာပါ။ အခုသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေပါလာနိုင်ကြောင်းကြိုတင် အသိပေးပါရစေ။

ဆက်စပ် အကြောင်းအရာများ