aa
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ်

နားဆင်နိုင်ပြီ။ တိုင်းရင်းသားအားလုံး ညီညွတ်ရေး...ဆွေးနွေးခဲ့

ဦးဆောင်ဆွေးနွေးသူများ...ပဒိုမန်းငြိမ်းမောင်၊ မသဉ္ဇာရွှန်းလဲ့ရည်....

မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် တိုင်းရင်းသား အားလုံးရဲ့ ညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့တဲ့ ၁၉၄၇ ဖေဖါ်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့ အဖြစ် သတ်မှတ် ကျင်းပ လာခဲ့ရာ အခုနှစ် ဆိုရင် ၇၁ နှစ် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် စာပေ သင်ကြားခွင့် ပိတ်ပင် တာတွေ၊ လူမျိုး အလိုက် အမျိုးသား ခေါင်းဆောင် ရုပ်တု ထားရှိခွင့် ဟန့်တား မှုတွေနဲ့ ဒေသခံ တိုင်းရင်းသာတွေရဲ့ ဆန္ဒ အလျောက် သူတို့ ဒေသက လမ်း တံတား အဆောက်အဦး နာမည် ပေးခွင့် မရတာတွေလည်း ရှိနေပါတယ်။

အဲဒီလို ပိတ်ပင် ဟန့်တား မှုတွေဟာ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ထိခိုက် စေတယ် လို့ထင်ပါ သလား။ ပိုမိုကောင်းမွန်တဲ့ညီညွတ်မှု တည်ဆောင်နိုင်ဖို့ ဘာတွေ လုပ်ဖို့ လိုအပ်နေ သလဲ ဆိုတာ တိုင်းရင်းသား တွေ ကိုယ်တိုင် ပါဝင်ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးသူ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်...

#လွတ်လပ်အတွေး

#ဘီဘီစီမြန်မာပိုင်း