မြောက်ကိုရီးယားစပိုင်ရဲ့ သတိပေးချက်
မြောက်ကိုရီးယားစပိုင်ရဲ့ သတိပေးချက်
၁၉၈၈ ခုနှစ် ဆိုးလ်အိုလံပစ်ပြိုင်ပွဲ မတိုင်မီ လပိုင်းအလိုမှာ တောင်ကိုရီးယား လေကြောင်းလိုင်း တစင်းကို ဗုံးခွဲခဲ့သူ မြောက်ကိုရီးယား သူလျှိုက အခု တောင်ကိုရီးယားမှာ ကျင်းပနေတဲ့ ပြုံချမ်း ဆောင်းရာသီအိုလံပစ်ပွဲ မတိုင်မီလေးမှာပဲ သတိပေးချက် တခုထုတ်ပြန်ခဲ့ပါတယ်။
သူ့ကို တောင်ကိုရီးယား နိုင်ငံသား ၁၁၅ ယောက် သတ်ဖြတ်ဖို့ သိမ်းသွင်း လေ့ကျင့်ပေးခဲ့ဖူးတဲ့ မြောက်ကိုရီးယား အစိုးရက အခုတိုင် မပြောင်းလဲသေးဘူးလို့ အဲဒီ သူလျှို Kim Hyun-hui က ပြောပါတယ်။
အခု ပြုံချမ်း ဆောင်းရာသီအိုလံပစ်ပွဲမှာ မြောက်ကိုရီးယားက ငြိမ်းချမ်းရေးစကားတွေ ဆိုနေပမယ့် ဒါက ဝါဒဖြန့်ချိရေးသက်သက်ပဲလို့ သူက ယုံကြည်နေပါတယ်။
သူက ဘီဘီစီကို အခုလို ပြောပြပါတယ်။

ဗီဒီယို, ကမ္ဘာ့အချမ်းသာဆုံးလူသား, ကြာမြင့်ချိန် 1,32
အမေဇုံရဲ့ ဂျက်ဖ်ကို ကမ္ဘာ့ပထမဆုံး ထရီလီယံနာ သူကြွယ်ကြီး ဖြစ်ဖို့ တစ်ပေးနေကြ