အီရတ်က ပြန်လည်ထူထောင်ရေး ဒေါ်လာ ၈၈ ဘီလျံ လိုအပ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အီရတ်က ပြန်လည်ထူထောင်ရေး ဒေါ်လာ ၈၈ ဘီလျံ လိုအပ်

အီရတ်နိုင်ငံအတွင်းက အစ္စလာမ်မစ် နိုင်ငံ စစ်သွေးကြွအဖွဲ့ လက်အောက်က ပြန်လွတ်မြောက်လာခဲ့တဲ့ ဒေသတွေ ပြန်လည် တည်ဆောက်ရေးအတွက် ဒေါ်လာ ၈၈ ဘီလျံကျော် လိုမယ်လို့အီရတ်က ပြောပါတယ်။ အီရတ် စီးပွားရေး ပညာရှင်တွေနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးတွဲ လေ့လာခဲ့ကြပြီး နောက်မှာ ကူဝိတ်မှာ ကျင်းပတဲ့ နိုင်ငံတကာ အလှူရှင်များ ညီလာခံကြီးမှာ

အီရတ် စီမံကိန်း ဝန်ကြီးက အခုလို ကြေညာ ခဲ့တာပါ။ နှစ်ပေါင်းများစွာ စစ်ပွဲတွေ ဖြစ်နေခဲ့တဲ့ အီရတ်နိုင်ငံရဲ့ အစိုးရက အလှူရှင်တွေကို အီရတ်ရဲ့ အခြေခံအဆောက်အအုံပိုင်းသာ မကဘဲ အီရတ်ရဲ့ စီးပွားရေးကိုပါ ပြန်လည် တည်ဆောက်ပေးဖို့ အတွက် တောင်းဆိုနေပါတယ်။

ကိုရင်မောင်က ပြောပြမှာပါ။