ဗြိတိန်က ကူညီကယ်ဆယ်ရေးသမားတွေ ကော့ဆက်ဘဇား ဒုက္ခသည် စခန်းကို သွားခဲ့
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗြိတိန်က ကူညီကယ်ဆယ်ရေးသမားတွေ ကော့ဆက်ဘဇား ဒုက္ခသည် စခန်းကို သွားခဲ့

မြန်မာအစိုးရက ရိုဟင်ဂျာ ၁၀ ယောက်ကို သတ်ခဲ့တယ်လို့ ယူဆရတဲ့ အရပ်သားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၁၆ ဦးကို အရေးယူသွားမယ်လို့ပြောပါတယ်။ ဗြိတိန်ကလည်း အဲဒီ ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့အတွက် တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် အတွင်း မငြိမ်သက်မှုတွေကြောင့် လူ သိန်းနဲ့ချီ ထွက်ပြေးခဲ့ကြပြီး အဲဒီဒုက္ခသည်တွေ ထဲက အများစုဟာ ဘင်္ဂလားဒေ့ရှ် က ကော့ဆက်ဘဇား မှာ ရှိတဲ့ ဒုက္ခသည် စခန်းမှာ နေထိုင်နေကြပါတယ်။ ဗြိတိန်က ကူညီကယ်ဆယ်ရေး အဖွဲ့ဝင် ၃ ဦးက အဲဒီ ဒုက္ခသည် စခန်းကို သွားပြီး သူတို့ ရဲ့ လုပ်ငန်းတွေကို မှတ်တမ်းတင် ဗီဒီယို ရိုက်ကူး ထားခဲ့ကြပါတယ်။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ပုံရိပ်တွေ ပါလာနိုင်ပါတယ်။

ကိုအောင်သွင် က ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ