ချစ်သူများနေ့ကို မချစ်သူများ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ချစ်သူများနေ့ကို မချစ်သူများ

ကမ္ဘာအနှံ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ရောက်တိုင်း ချစ်သူများနေ့ အဖြစ် မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ချစ်သူတွေ အချင်းချင်း အမှတ်တရ လက်ဆောင်ပေးကြ၊ အထိမ်းအမှတ် ပြုကြတာတွေက နှစ်စဉ် ဘီလျံချီတဲ့ ဈေးကွက် ရှိပါတယ်။ ဒါပေမယ့် ကမ္ဘာ့ တချို့ နိုင်ငံတွေမှာတော့ ဒီ ဓလေ့ကို မနှစ်လိုဘဲ တားမြစ်တတ်ကြပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ဆိုရင် ချစ်သူများနေ့ အရောင်းမြှင့်တင်တာတွေ မလုပ်ဖို့ ပိတ်ပင်သလို အဲဒီနေ့ အကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြတာတွေကိုလည်း မနှစ်တုန်းက တရားရုံး အမိန့်ထုတ် ထားမြစ်ခဲ့ပါတယ်။

ဒီလို ချစ်သူများနေ့ကို မနှစ်လို ပိတ်ပင်တဲ့ ကမ္ဘာ့ တခြား နိုင်ငံ တချို့လည်း ရှိပါသေးတယ်။ ဒီအကြောင်း ရုပ်သံမှာ ရှုစားပြီး ချစ်သူများနေ့မှာ ချစ်သူ ခင်သူတွေနဲ့ အတူ မပျော်ရရင် ကိုယ်တယောက်တည်း မဟုတ်ဘူးဆိုတာ သတိရနေပါ။