အင်ဒိုနီးရှား ပါပူဝါက ဝက်သက်ရောဂါကို ထိန်းနိုင်ပြီ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အင်ဒိုနီးရှား ပါပူဝါက ဝက်သက်ရောဂါကို ထိန်းနိုင်ပြီ

အင်ဒိုနီးရှား နိုင်ငံက ဝေးလံ ခေါင်သီပြီး ဝင်ရောက်ခွင့်တွေ ကန့်သတ် ထားတဲ့ ပါပူဝါပြည်နယ်မှာ ကလေး အများစု အပါအဝင် လူ၇၂ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ ဝက်သက် ရောဂါကို ထိန်းချုပ်ထားနိုင်ပြီလို့ အင်ဒိုနီးရှား အစိုးရက ပြောပါတယ်။ စစ်တပ်နဲ့ ဆေး အဖွဲ့တွေကလည်း အဲဒီ ဒေသတွင်းက ကျေးရွာတွေကို လိုအပ်တဲ့ ဆေးဝါး တွေ သယ်ယူလာပေးသလို ကျန်းမာရေး လုပ်သားတွေက ကလေး သူငယ် ထောင်ပေါင်းများစွာကိုကာကွယ်ဆေးတွေ ထိုးနှံပေးပြီးဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီက ကလေး ရာပေါင်းများစွာဟာလည်း အာဟာရ ချို့တဲ့မှုတွေ ဖြစ်နေပါတယ်။ အဲဒီမှာ ကြုံနေရတဲ့ ကျန်းမာရေး ပြဿနာတွေကြောင့် ဆယ်စုနှစ်များစွာ သတင်းသမားတွေ ဝင်ခွင့်မရခဲ့တဲ့ ဒီဒေသကို ပြန်ပြီး အာရုံစိုက်မိလာကြသလို အဲဒီမှာ အစိုးရရဲ့ ဆောင်ရွက်မှု အားနည်းပုံတွေကိုလည်း သိလာရပါတယ်။

အခုသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေ ပါလာနိုင်ပါတယ်။

မသီဒါနွယ် က ပြောပြမှာပါ။