နျူကလီးယား စမ်းသပ်မှုကြောင့် မျိုးဗီဇ ထိခိုက်ခဲ့သလား
နျူကလီးယား စမ်းသပ်မှုကြောင့် မျိုးဗီဇ ထိခိုက်ခဲ့သလား
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က ပစိဖိတ် တောင်ပိုင်းမှာ နျူကလီးယား စမ်းသပ်မှုတွေ လုပ်ဖို့အတွက် ဗြိတိန်က လူပေါင်း ၂၀၀၀၀ စေလွှတ်ခဲ့ပါတယ်။ အဲဒီ နျူကလီးယားစမ်းသပ်မှုတွေက ဓာတ်ရောင်ခြည်သင့်မှုတွေကြောင့် ကင်ဆာရောဂါနဲ့ မွေးရာပါ ချို့ယွင်းမှုတွေကို သူတို့မျိုးဆက်တွေမှာပါ ခံစားလာရတယ်လို့ အဲဒီလူတွေက ပြောကြပါတယ်။ အဲဒီ လို လူတွေအတွက် နစ်နာမှုတွေကို အသိအမှတ်မပြု ဘဲ နစ်နာကြေးမပေးသေးတဲ့
နျူကလီးယား အင်အားကြီး နိုင်ငံဆိုလို့ ဗြိတိန်တနိုင်ငံပဲ ရှိနေပါတယ်။ အခုတော့ ဒီလူတွေရဲ့ ဒီအန်အေ မျိုးဗီဇ နမူနာတွေကို ယူပြီး မျိုးဗီဇပိုင်း ထိခိုက်ချို့ယွင်းမှုတွေ ရှိသလားဆိုတာကို လေ့လာနေပြီဖြစ်ပါတယ်။
ကိုသက်ထွေးနိုင်ကပြောပြမှာပါ။