သားရဲကောင်တွေနဲ့ အတူနေထိုင်သူ
သားရဲကောင်တွေနဲ့ အတူနေထိုင်သူ
ပါရာကက်ချ်အမ်တီက သူ့အိမ်မှာ သားရဲ တိရစ္ဆာန်တွေနဲ့ အတူနေထိုင်နေသူပါ။ ဒေသခံတွေ အမဲလိုက် သတ်ဖြတ်လို့ မိဘတွေ သေဆုံးပြီး ကျန်ရစ်ခဲ့တဲ့ သားကောင်တွေကို သူက ပြုစုစောင့်ရှောက်ပေးနေတာပါ။
သူ့ဂေဟာမှာ ဥဒေါင်းငှက်လို ယဉ်ပါးလွယ်တဲ့ တိရစ္ဆာန်ငယ်တွေက အစ ဟိုင်အီးနားခွေးအတွေ၊ ကျားသစ်တွေနဲ့ ဝက်ဝံကြီးတွေကိုပါ ကျွေးမွေးထားတာပါ။
ဒါပေမယ့် အိမ်မှာ တောရိုင်း တိရစ္ဆာန်တွေ မွေးမြူထားတာက သားရဲ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဥပဒေတွေကို ချိုးဖောက်ရာ ရောက်တယ်လို့ ဒေသခံ တိရစ္ဆာန်ဥယျာဉ် တာဝန်ရှိသူတွေက ပြောနေလို့ မစ္စတာ အမ်တီနဲ့ တောကောင်တွေကြားက ချစ်ခြင်း သံယောဇဉ်နဲ့ ချည်နှောင်ထားတဲ့ အတူယှဉ်တွဲနေထိုင်နေတဲ့ ဘုံရိပ်သာလေး ပျောက်ကွယ်တော့မယ် အနေအထား ဖြစ်နေပါတယ်။
ဒီအကြောင်းကို ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။
ဗီဒီယို, ကမ္ဘာ့ အမြန်ဆုံး ချီတာတွေကို ဘယ်လို နိုင်အောင် ပြေးမလဲ, ကြာမြင့်ချိန် 1,13
ကမ္ဘာ့ အမြန်ဆုံး ချီတာတွေကို ဘယ်လို နိုင်အောင် ပြေးမလဲ