အရှေ့ဂူတာမှာ အရပ်သားတွေကို ပစ်မှတ်မထားဖို့ ကုလပြော
အရှေ့ဂူတာမှာ အရပ်သားတွေကို ပစ်မှတ်မထားဖို့ ကုလပြော
ဆီးရီးယား က ဂူတာ အရှေ့ခြမ်းကို အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ အရပ်သားတွေ ပစ်မှတ်အထားခံနေရတာတွေကို ရပ်ဖို့အတွက် ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒမတ်စကပ်စ် မြို့စွန်အတွင်း ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်းမှာတင် အရပ်သား တွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ ဆီးရီးယားက တက်ကြွလှုပ်ရှာသူတွေက ပြောပါတယ်။
ဆီးရီးယား စစ်ဘက်ကတော့ ဘာမှ တုန့်ပြန်ပြောကြားတာမျိုး မရှိပါဘူး။ အစိုးရဘက်ကတော့ လက်နက်ကိုင်တွေကိုသာ ပစ်မှတ်ထားတယ်လို့ ပြောပါတယ်။ အခုသတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ပုံရိပ်တွေ ပါလာနိုင်ပါတယ်။
ကိုထက်အောင်က ပြောပြမှာပါ။