ကူဝိတ်မှာ ဖိလစ်ပိုင် ရွှေ့ပြောင်းလုပ်သားတွေ နှိပ်စက်ခံရ

ကူဝိတ်မှာ ဖိလစ်ပိုင် ရွှေ့ပြောင်းလုပ်သားတွေ နှိပ်စက်ခံရ

ကူဝိတ်က ဖိလစ်ပိုင် သမ္မတကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ သူတို့နိုင်ငံထဲမှာ ပြည်ပက လာရောက် အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေအပေါ်မှာ အလွန်အကျူး နှိပ်စက်မှုတွေါ်ရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေရှိနေတာနဲ့ ပတ်သက်လို့ နှစ်နိုင်ငံအကြား သဘော ကွဲလွဲမှုတွေကို ဖြေရှင်းနိုင်ဖို့အတွက်လည်းဖြစ်ပါတယ်။

အဲဒီ မှာ အလုပ်လာလုပ်နေကြတဲ့ ဖိလစ်ပိုင်က အိမ်အကူ တွေ အသက်ဆုံးရှုံး ခဲ့ရတာတွေကြောင့် အဲဒီကိစ္စတွေကို စုံစမ်းစစ်ဆေးနေဆဲ ကာလ အတွင်း ဖိလစ်ပိုင် အစိုးရက အဲဒီလို လုပ်သားတွေ စေလွှတ်ပေးနေတာကို ရပ်ဆိုင်းထားပါတယ်။ မရီရီအောင်က ပြောပြမှာပါ။