ဂူတာအရှေ့ခြမ်း အပစ်ရပ်ဖို့ လုံခြုံရေးကောင်စီမှာ မဲခွဲမယ်

ဂူတာအရှေ့ခြမ်း အပစ်ရပ်ဖို့ လုံခြုံရေးကောင်စီမှာ မဲခွဲမယ်

ဆီးရီးယား က သူပုန်တွေလက်ထဲ နောက်ဆုံးကျန်နေတဲ့ ဂူတာအရှေ့ခြမ်းကို အစိုးရ တပ်တွေက ဗုံးတွေကြဲတိုက်ခိုက်နေတဲ့ အချိန်မှာပဲ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း ဒါနဲ့ပတ်သက်လို့ စကား စစ်ထိုးနေကြပါတယ်။

ဒီနေ့လည်း အဲဒီမှာ အပစ်ရပ်ဆဲဖို့ ကိစ္စနဲ့ ပတ်သက်လို့ မဲခွဲ ဆုံးဖြတ်ကြဖို့ရှိပါတယ်။ ရုရှားကတော့ ဒါနဲ့ပတ်သက်လို့ အပြောင်းအလဲတွေလုပ်ဖို့ တောင်းဆိုထားပြီး ဗီတိုလည်း သုံးကောင်းသုံးနိုင်ပါတယ်။ အဲဒီဂူတာအရှေ့ခြမ်းမှာ ဗုံးကျဲတိုက်ခိုက်ခံနေရတာဟာ ၆ ရက် မြောက်လာပြီဖြစ်သလို အရပ်သားတွေ ထောင်ပေါင်းများစွာလည်း ပိတ်မိနေကြဆဲဖြစ်ပါတယ်။ ကိုထက်အောင်က ပြောပြမှာပါ။