ချန်ပီယံကာကွယ်ပွဲကို ပြည်ပမှာ ထိုးရမယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အောင်လရဲ့ ချန်ပီယံ ကာကွယ်ပွဲ ပြည်ပမှာ ထိုးသတ်ရဖို့ရှိ

ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် နောက်တခု အရယူခဲ့တဲ့ အောင်လက သူ့ထိုးမယ့် နောက်ပွဲဟာ မြန်မာပြည် အပြင်ဘက်မှာ ထိုးသတ်ရမယ့် ချန်ပီယံ ကာကွယ်ပွဲ ဖြစ်လိမ့်မယ်၊ လာနိုင်တဲ့သူ လာပြီး သူ့ကို အားပေးကြပါဦး ဆိုပြီး ပရိသတ်ကြီးကို ဘီဘီစီက တဆင့် ပြောပါတယ်။

သူ့ အနေနဲ့ မြန်မာတွေ အားလုံး ဂုဏ်ယူရတဲ့ အားကစား သမား တစ်ယောက် အဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ ကြိုးစားမယ်၊ နောက်ပိုင်း မြန်မာပြည်ထဲ အားကစား လေ့ကျင့်တဲ့ ခန်းမရုံမျိုး ဖွင့်နိုင်ဖို့နဲ့ ပညာရေးကဏ္ဍမှာ အကူအညီ ပေးရေး အပါအဝင် ပရဟိတ လုပ်ငန်းမျိုးလည်း လုပ်ချင်တယ်လို့ ဘီဘီစီ မြန်မာပိုင်းနဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခန်းမှာ ပြောဆို သွားပါတယ်။

Image caption မတူညီတဲ့ ဝိတ်တိန်း ၂ ခုရဲ့ ရွှေခါးပတ်တွေ ရယူ
Image caption မြန်မာတွေ အားလုံး ဂုဏ်ယူရတဲ့ အားကစား သမား တစ်ယောက် အဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ ကြိုးစားမယ်

နိုင်ငံတကာ သိုင်းနည်း ပေါင်းစုံသုံး လက်ဝှေ့ လောကမှာ မြန်မာစပါးအုံးမြွေ ဆိုပြီး ကျော်ကြားတဲ့ အောင်လအန်ဆန်းဟာ Mixed Martial Arts (MMA) လောကမှာ မတူညီတဲ့ ဝိတ်တိန်း ၂ ခုရဲ့ ရွှေခါးပတ်တွေ ရယူထားတဲ့ တဦးတည်းသော တိုက်ခိုက်ရေး ကစားသမား အဖြစ် စံချန် တင်ထားပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက် ည ၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံမှာ အောင်လဟာ One Championship က ကျင်းပတဲ့ Light Heavyweight တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲမှာ ပြိုင်ဘက် ဘရာဇီး နိုင်ငံသား အလက်ဇန္ဒား မချာဒိုကို ပထမ အချီ ၅၆ စက္ကန့်မှာတင် ခြေထောက် ကန်ချက်နဲ့ ဒိုင်ပွဲရပ် အနိုင်ယူခဲ့ပါတယ်။

ဒီပွဲကို သူ့ အနေနဲ့ ဘယ်လို ပြင်ဆင် ခဲ့သလဲ ၊ နောက် ဘယ်လိုပွဲတွေ ရှိနေလဲ စတာတွေကို ဘီဘီစီမြန်မာပိုင်းက သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။

ဆက်စပ် အကြောင်းအရာများ