မိုဘီဂျီနိုနဲ့ နိုင်ငံခြားပညာတော်သင် အခွင့်အလမ်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဘီဂျီနိုနဲ့ နိုင်ငံခြားပညာတော်သင် အခွင့်အလမ်း

ဒီတပတ်မိုဘီဂျီနို အစီအစဉ်မှာ ပြည်ပကို ပညာတော်သင်သွားချင်တဲ့ သူတွေ အတွက် အထူးတင်ဆက် ပေးထားပါတယ်။ ဘီဘီစီမြန်မာပိုင်းက အပတ်စဉ် သောကြာနေ့တိုင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ တင်ဆက်နေတဲ့Friday Live အစီအစဉ်မှာ လူငယ်နဲ့ ပညာတော်သင် အခွင့်အလမ်းတွေ အကြာင်း တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာက ပညာတော်သင်ဆုတွေ အကြောင်းနဲ့ ဒီအတွက် ဘယ်လို ပြင်ဆင်ရမလဲ ဆိုတာတွေကို ပညာအလင်းပွင့်မြန်မာ သုတေသန ဖောင်ဒေးရှင်းက မအေးလဲ့ထွန်းနဲ့ Edu Link ပညာရေးဝန်ဆောင်မှုလုပ်ငန်းက မနန်းတွမ်ခမ်း တို့က ပရိသတ်တွေရဲ့ တိုက်ရိုက် မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။

မိုဘီ ဂျီနို

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi - Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ လူငယ်အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင် လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် bbcburmese@gmail.com ဆီကို ရေးသားနိုင်သလို BBC Burmese ဖေ့စ်ဘုတ်ရဲ့ Message ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။

မိုဘီဂျီနို ထုတ်လွှင့်ချိန်

မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဉ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။

မြန်မာ့အသံ ရေဒီယိုအစီအစဉ်မှာတော့ အပတ်စဉ် တနင်္လာနေ့ ညနေ ၃:၁၅ အချိန်မှာ နားဆင်နိုင်ကြပါတယ်။

ဆက်စပ် အကြောင်းအရာများ