၈ လ အတွင်း ရွှေခါးပတ် ၂ ခု ယူတဲ့ အောင်လအန်ဆန်း

၈ လ အတွင်း ရွှေခါးပတ် ၂ ခု ယူတဲ့ အောင်လအန်ဆန်း

မြန်မာစပါးအုံးမြွေ ဆိုပြီး နိုင်ငံတကာ သိုင်းနည်း ပေါင်းစုံသုံး လက်ဝှေ့ လောကမှာ ကျော်ကြားတဲ့ အောင်လအန်ဆန်း တယောက် ပထမ အချီ တမိနစ်မပြည့်မီမှာတင် ပြိုင်ဘက်ကို အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် နောက်တခု အရယူလိုက်ပါပြီ။

ဖေဖော်ဝါရီ ၂၃ ရက် ည ရန်ကုန်က သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံထဲမှာ One Championship က ကျင်းပတဲ့ Mixed Martial Arts (MMA) ကိုယ်ခံပညာပေါင်းစုံ အသုံးပြုကစားရတဲ့ ပြိုင်ပွဲရဲ့ Light Heavyweight တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်သူ ကချင်ပြည်နယ်ဖွား အမေရိကန်နိုင်ငံသား အောင်လအန်ဆန်းက ပြိုင်ဘက် ဘရာဇီး နိုင်ငံသား အလက်ဇန္ဒား မချာဒိုကို ပထမ အချီ ၅၆ စက္ကန့်မှာတင် ခြေထောက်ကန်ချက်နဲ့ ဒိုင်ပွဲရပ် အနိုင်ယူပြီး One Championship ရဲ့ Light Heavyweight တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ကို ဆွတ်ခူးသွားနိုင်ခဲ့တာပါ။

ဒီပွဲအကြောင်းကို ကွင်းထဲမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဘီဘီစီ သတင်းထောက် ကိုငြိမ်းချမ်းအေးက ပြောပြမှာပါ။