မြန်မာလူငယ်တွေကို အကူအညီပေးချင်တဲ့ အောင်လအန်ဆန်း

မြန်မာလူငယ်တွေကို အကူအညီပေးချင်တဲ့ အောင်လအန်ဆန်း

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက် ည၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံမှာ ကျင်းပခဲ့တဲ့ One Championship ရဲ့ Light Heavyweight တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲမှာ ပြိုင်ဘက် ဘရာဇီး နိုင်ငံသား အလက်ဇန္ဒား မချာဒိုကို ပထမ အချီ ၅၆ စက္ကန့်မှာတင် ခြေထောက် ကန်ချက်နဲ့ ဒိုင်ပွဲရပ် အနိုင်ယူခဲ့တဲ့ ကချင်နွယ်ဖွား မြန်မာစပါးအုံးမြွေ အောင်လအန်ဆန်း အနေနဲ့ အဲဒီပွဲကို သူ့ အနေနဲ့ ဘယ်လို ပြင်ဆင် ခဲ့သလဲ၊ နောက် ဘယ်လိုပွဲတွေ ဆက် ထိုးသတ်ဖို့ရှိနေလဲနဲ့ တခြား ရည်မှန်းချက် မျှော်မှန်းချက်တွေ ဘာတွေ ရှိသလဲ စတာတွေကို ဘီဘီစီမြန်မာပိုင်းက သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။