မြောက်ကိုးရီးယားအရေး ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ပြဖို့လို - မွန်းဂျေအင်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြောက်ကိုရီးယားအရေး ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ပြဖို့လို - မွန်းဂျေအင်း

မြောက်ကိုရီးယားနဲ့ ဆွေးနွေး စကားပြောဆိုဖို့ အမေရိကန်ဘက်က သူ့ရဲ့ သတ်မှတ်ချက် အတိုင်းအတာတွေ လျော့ချသင့်တယ်လို့ တောင်ကိုရီးယားသမ္မတက ပြောပါတယ်။ အဲဒါမှ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုဖို့ ဆန္ဒရှိတယ်ဆိုတာ ပြသနိုင်မယ်လို့ သမ္မတမွန်းဂျေအင်းက ပြောပါတယ်။ တောင်ကိုရီးယားမှာ ကျင်းပတဲ့ ဆောင်းရာသီ အိုလံပစ်ပိတ်ပွဲလုပ်ပြီးနောက် သမ္မတဘက်က အဲဒီလို ပြောတာ ဖြစ်ပါတယ်။ ဒီအိုလံပစ်ပိတ်ပွဲမှာတော့ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဟာ ဖွင့်ပွဲတုန်းကလို အလံတစ်ခုတည်းအောက် မဟုတ်ဘဲ မတူတဲ့ ကိုယ်ပိုင်အလံတွေအောက်မှာ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအကြောင်း မရီရီအောင်က ပြောပြထားပါတယ်။