မသန်စွမ်း သတင်းထောက်များ

မသန်စွမ်း သတင်းထောက်များ

လတ်တလောနှစ်တွေတွေအတွင်း မသန်စွမ်းတွေအပေါ် လူတွေရဲ့သဘောထားတွေ အများကြီးပြောင်းလဲလာကြပေမယ့် ကမ္ဘာ့တလွှားက သန်းနဲ့ချီတဲ့ မသန်စွမ်းတွေဟာ အခက်အခဲတွေ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် အလုပ်အကိုင်ရဖို့ စိန်ခေါ်မှုကြီးကြီးမားမား ရှိနေပါတယ်။ ဒီစိန်ခေါ်မှုကို ဖြေရှင်းတဲ့အနေနဲ့ တူရကီနိုင်ငံ အဇ်မာမြို့က သတင်းစာတိုက်တစ်ခုကတော့ မသန်စွမ်းတွေနဲ့ချည်း ဖွဲ့စည်း တည်ထောင်ထားပါတယ်။ မသန်စွမ်းစာနယ်ဇင်းသမားတွေ နေ့စဉ်ဘဝကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်နေကြသလဲဆိုတာ ရှုစားနိုင်ပါတယ်။