တရုတ်က ဖိနပ်မပါတဲ့ ဆရာဝန်များ
တရုတ်က ဖိနပ်မပါတဲ့ ဆရာဝန်များ
အခုတော့ လွန်ခဲ့တဲ့ အနှစ် ၅၀ က တရုတ်က အခြေအနေတစ်ခုကို ပြန်ပြည့်ရအောင်ပါ။ ၁၉၆၈ ခုနှစ်တုန်းက ထောင်နဲ့ ချီတဲ့ လူတွေကို အခြေခံ ဆေးကုသမှု သင်တန်းတွေပေးပြီးတော့ သူတို့ကို ဝေးလံတဲ့ ကျေးရွာတွေကို လွှတ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ အစီအစဉ်တခုကို ကွန်မြူနစ်ပါတီဥက္ကဌ မော်စီတုန်းက ကြေညာခဲ့ပါတယ်။ အဲဒီလို စေလွှတ်ခံရတဲ့ သူတွေကို barefoot doctors ဖိနပ်မပါတဲ့ဆရာဝန်တွေ လို့ခေါ်ပြီး သူတို့တွေထဲမှာ ဂေါ်ဒန် လီယူ တယောက်လည်း ပါဝင်ပါတယ်။ ဂေါ်ဒန် လီယူကြုံခဲ့ရတာတွေကို ကိုရင်မောင်က ပြန်ပြောပြပေးမှာပါ။