အမေရိကန် သေနတ်ကုမ္ပဏီတွေ ကန့်သတ်မှုတိုးလုပ်မယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန် သေနတ်ကုမ္ပဏီတွေ ကန့်သတ်မှုတိုးလုပ်မယ်

အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ သတင်း ၂ ပတ်က ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ ဖလော်ရီဒါပြည်နယ်က စာသင်ကျောင်း ပြန်ဖွင့်လိုက်ပါပြီ။ အဲဒီပစ်ခတ်မှုတုန်းက လူ ၁၇ ဦး သေဆုံးခဲ့ရပါတယ်။ တစ်ဘက်မှာလည်း သေနတ်ကိုင်ဆောင်ခွင့်ကို ထိန်းချုပ်ဖို့ အမေရိကန်မှာ ကြိုးပမ်းနေကြပါတယ်။ သေနတ်ဝယ်လို့ရတဲ့ အသက်ကန့်သတ်ချက်ကိုလည်း ၁၈ နှစ်ကနေ ၂၁ နှစ်ထိ တိုးဖို့ ပြောနေကြပါတယ်။ တချိန်တည်းမှာပဲ သေနတ်ရောင်းတဲ့ ကုမ္ပဏီကြီး ၂ ခုဆိုရင်လည်း သေနတ်တွေ ရောင်းချရာမှာ ကန့်သတ်ချက်တွေ ပိုလုပ်မယ်လို့ ပြောလိုက်ပါတယ်။ ဒီအကြောင်း ကိုထက်အောင်က ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ