စစ်ဒဏ်ခံနေရတဲ့ ယီမင်မှာ အခြေအနေ ပိုဆိုးလာ

စစ်ဒဏ်ခံနေရတဲ့ ယီမင်မှာ အခြေအနေ ပိုဆိုးလာ

အာရပ်ကမ္ဘာက အဆင်းရဲဆုံးနိုင်ငံတွေထဲမှာပါတဲ့ ယီမင်နိုင်ငံမှာ ကမ္ဘာပေါ်မှာ လူတွေကြောင့်ဖြစ်တဲ့ အဆိုးရွားဆုံး ဘေးအန္တရာယ်ကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ၂၀၁၅ မတ်လကတည်းကဆိုရင် ယီမင်မှာ လူ ၉၀၀၀ ကျော် သေဆုံးပြီး ၅ သောင်းလောက် ဒဏ်ရာရခဲ့ပါတယ်။ နိုင်ငံလူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းရှိတဲ့ လူ ၂၂ သန်းဟာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေပါတယ်။ လူ ၈ သန်းလောက်ကလည်း ငတ်မွတ်မှုဘေး ကျရောက်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ အာဟာရချို့တဲ့တဲ့ အသက် ၅ နှစ်အောက် ကလေးတွေကလည်း ၄ သိန်းလောက် ရှိနေပါတယ်။ စစ်ဒဏ်ခံနေရတဲ့ ယီမင်က အခြေအနေကို ကိုကျော်ဇေယျက ပြောပြထားပါတယ်။