ရုရှားရဲ့ နျူကလီးယားကို အမေရိကန် ဝေဖန်
ရုရှားရဲ့ နျူကလီးယားကို အမေရိကန် ဝေဖန်
နျူကလီးယားလက်နက်သစ်တွေ ထုတ်လုပ်နိုင်ပြီဆိုတဲ့ ရုရှားသမ္မတရဲ့ ပြောကြားချက်အပေါ် အမေရိကန်အိမ်ဖြူတော်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အသံထက် ၅ ဆလောက်မြန်တဲ့ မစ်ဆိုင်းဒုံးတွေ နဲ့ ရေအောက်ဒရုန်းတွေအပါအဝင် လက်နက်သစ်တွေအကြောင်း သမ္မတ ပူတင်က မနေ့တုန်းက ထုတ်ပြောခဲ့တာပါ။ ဒီမစ်ဆိုင်းတွေက ကမ္ဘာ့ဘယ်နေရာကိုမဆို ပစ်ခတ်နိုင်တယ်လို့လည်း ပြောပါတယ်။ မော်စကိုဟာ နိုင်ငံတကာစာချုပ်တွေကို ချိုးဖောက်ပြီး မတည်မငြိမ်ဖြစ်စေမယ့် လက်နက်တွေကို ထုတ်လုပ်နေတယ်လို့ အမေရိကန်ဘက်က စွပ်စွဲပြစ်တင်တာ ဖြစ်ပါတယ်။ ဒီအကြောင်း ကိုအောင်သွင်က ပြောပြမှာပါ။