တရုတ်မူသစ်ကို ဝေဖန်သူ ဘေဂျင်းက မောင်းထုတ်ခံရ
တရုတ်မူသစ်ကို ဝေဖန်သူ ဘေဂျင်းက မောင်းထုတ်ခံရ
တရုတ်နိုင်ငံမှာတော့ လက်ရှိမျိုးဆက်တစ်ခုအတွက် အရေးကြီးဆုံး နိုင်ငံရေးညီလာခံကြီးတစ်ခု ကျင်းပနေပါတယ်။ တရုတ်ပြည်သူ့ကွန်ဂရက်ကနေ သမ္မတရဲ့ တာဝန်သက်တမ်း ကန့်သတ်ချက်ကို ပယ်ဖျက်မယ့် စည်းမျဉ်းသစ်ကို ဆွေးနွေးဆုံးဖြတ်မှာ ဖြစ်ပါတယ်။ သမ္မတရှီဂျင်ပင်းအနေနဲ့ သူကြိုက်သလောက် အချိန်အတွင်း သမ္မတ တာဝန်ထမ်းဆောင်နိုင်မယ့် စည်းမျဉ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီစည်းမျဉ်းအဆိုပြုလွှာကို တက်ရောက်လာသူ ကိုယ်စားလှယ်တွေက တနင်္လာနေ့တုန်းက ကြိုဆိုခဲ့ကြပါတယ်။ တစ်ဘက်မှာလည်း ဒီစည်းမျဉ်းအပေါ် ဝေဖန်ကန့်ကွက်သူကို ဘေးဂျင်းမြို့ကနေ မောင်းထုတ်ခံရတာလည်း ရှိနေပါတယ်။ ဘီဘီစီသတင်းထောက် ဂျွန် ဆပ်ဝပ်သ်ရဲ့ သတင်းလွှာကို ကိုထက်အောင်က ပြောပြမှာပါ။