ရုရှားက သူလျိုဟောင်းကို အဆိပ်ခတ်ခဲ့သလား

ရုရှားက သူလျိုဟောင်းကို အဆိပ်ခတ်ခဲ့သလား

ဗြိတိန်နိုင်ငံမှာ ရုရှားက နှစ်ဖက်ချွန် သူလျိုနဲ့ သူ့ရဲ့သမီး အဆိပ်ခတ်ခံခဲ့ရတယ်လို့ သံသယရှိတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးဖို့အတွက် ဗြိတိန်က အစိုးရရဲ့ အရေးပေါ်ကော်မတီ အစည်းအဝေး ကျင်းပခဲ့ပါတယ်။ ဆာဂေး စခရစ်ပယ်လ် နဲ့ သမီး ယူလီယာ စခရစ်ပယ်လ်တို့ဟာ ရုတ်တရက် အပြင်းဖျားနာပြီး လဲကျခဲ့တဲ့အတွက် တနင်္ဂနွေနေ့တုန်းက ဆေးရုံတင်ထားရပါတယ်။ ရုရှားဘက်ကတော့ ဒီကိစ္စမှာ သူတိုနဲ့ဘာမှ မဆိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။ ၂၀၀၆ တုန်းကလည်း ရုရှားသူလျို အလက်ဇန္ဒား လစ်ဗင်ယန်ကို အဆိပ်ခတ်ခံခဲ့ရဖူးပါတယ်။ သူ့ကို အဆိပ်ခတ်တယ်လို့ စွပ်စွဲခံရသူနဲ့ ဘီဘီစီက မေးကြည့်ထားပါတယ်။ အကြောင်းစုံကို ကိုအောင်သွင်က ပြောပြမှာပါ။