ဆွေးနွေးဖို့ ကမ်းလှမ်းချိန်မှာ ပိတ်ဆို့မှုလုပ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပိတ်ဆို့မှုလုပ်ပေမယ့် ဆွေးနွေးပွဲမျှော်လင့်ချက်ရှိလာ

အမေရိကန်ဟာ မြောက်ကိုရီးယားကို ပိတ်ဆို့အရေးယူမှု အသစ်တွေ လုပ်လိုက်ပါတယ်။ ဒီတကြိမ်မှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ အကို မနှစ်တုန်းက မလေးရှားမှာ အသတ်ခံရတဲ့ အမှုနဲ့ ဆက်စပ်ပါတယ်။ မလေးရှားက ကွာလာလမ်ပူ လေဆိပ်ထဲမှာ ကင်မ်ဂျုံနမ်း အသတ်ခံရတာက မြောက်ကိုရီးယား လက်ချက်လို့ အမေရိကန်ဘက်က စွပ်စွဲထားပါတယ်။ ကင်မ်ဂျုံနမ်ဟာ VX အဆိပ်နဲ့ အသတ်ခံရတာ ဖြစ်ပါတယ်။ အခုလို အမေရိကန်ဘက်က ပိတ်ဆို့မှုတွေ တိုးလုပ်နေပေမယ့် တစ်ဘက်မှာလည်း သံတမန်ရေး ဆက်ဆံမှုအတွက် မျှော်လင့်ချက်တွေ ရှိလာနေပါတယ်။ ကင်မ်ဂျုံအွန်းဟာ နျူကလီးယားလက်နက် ဖြုတ်သိမ်းရေး ကိစ္စကို အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးလိုတယ်လို့ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို ပြောခဲ့ပါတယ်။ ဒါကြောင့် ဒီသတင်းစား ကိုယ်တိုင်ပါးနိုင်ဖို့ တောင်ကိုရီးယားကိုယ်စားလှယ်တွေက မနက်ဖြန် အမေရိကန်ကို သွားရောက်ဖို့လည်း ရှိနေပါတယ်။ ဒီအကြောင်း ကိုထက်အောင်က ပြောပြမှာပါ။