၉၉ နှစ် အရွယ် အဘိုးအိုရဲ့ ကမ္ဘာ့စံချိန်တင်ပွဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

၉၉ နှစ် အရွယ် ဘိုးဘိုးကြီးရဲ့ ကမ္ဘာ့စံချိန်တင်ပွဲ

သြစတြေးလျ နိုင်ငံသား ၉၉ နှစ် အရွယ် အဘိုးအို တယောက်က သူနဲ့ သက်တူရွယ်တူတန်း မီတာ ၅၀ အလွတ် ရေကူးမှာ အမြန်ဆုံး ရေကူးသမား အဖြစ် ကမ္ဘာ့စံချိန်သစ်တင်လိုက်ပါတယ်။

ကမ္ဘာ့စံချိန်တင်ပွဲ အဖြစ် တရားဝင် ကျင်းပတဲ့ ကွင်းစလန်းပြည်နယ်က ပြိုင်ပွဲမှာ ဂျော့ချ် ခရုန်းစ်က ၅၆.၁၂ စက္ကန့် နဲ့ အသက် ၁၀၀ - ၁၀၄ အရွယ်တန်းမှာ စံချိန်သစ် တင်နိုင်ခဲ့တာပါ။ ဒါကို သက်ဆိုင်ရာ အားကစား တာဝန်ရှိသူတွေကလည်း စစ်ဆေးပါမယ်။

မစ္စတာ ခရုန်းစ်က လာမယ့် ဧပြီလ ကျရင် အသက် ၁၀၀ ပြည့်မှာ ဖြစ်လို့ သူဟာ သတ်မှတ်ထားတဲ့ အသက်တန်းမှာ အကျုံးဝင်ပါတယ်။

အသက်အရွယ် ရနေပေမယ့် ကျန်းမာ သွက်လက် တက်ကြွနေဆဲ ဘိုးဘိုးကြီး ခရုန်းစ်ရဲ့ ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ အားထုတ်မှုကို ရုပ်သံမှာ ရှုစားပါ။

ဆက်စပ် အကြောင်းအရာများ