လူတွေကို ကူညီပေးနေတဲ့ မျက်မမြင် သိုင်းသမား
လူတွေကို ကူညီပေးနေတဲ့ မျက်မမြင် သိုင်းသမား
MMA သိုင်းပေါင်းစုံ ချန်ပီယံ ရိုနယ်လ်ဒလာမီနီ တယောက် မျက်စိ အလင်းအာရုံ ဆုံးရှုံးသွားချိန်မှာ ဘဝခရီးကို ဘယ်လို ရှေ့ဆက်သွားရမလဲ ဆိုတာ မသိခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ သူ့ ဘဝကို ပြန်လည် ထိန်းကျောင်း တည့်မတ် နိုင်ခဲ့ပါတယ်။
အခုတော့ အများကို အကူညီပေးရင်းနဲ့ သူ့မှာ အားအင်တွေ ပြန်ရခဲ့ပါပြီ။ အမြင်အာရုံချို့တဲ့ သူတွေကို သူတို့ ဘာသာ ကာကွယ်နိုင်ဖို့ ကိုယ်လုံပညာတွေ ပြန်လည် ဖြန့်ဝေ သင်ပေးနေတာပါ။
အားကစား သမား ဘဝ အောင်မြင်မှု အမြင့်ဆုံး ရောက်နေချိန်မှာ ကျန်းမာရေးကြောင့် မျက်စိကွယ် သွားခဲ့ပေမယ့် ဘဝကို အရှုံးမပေးဘဲ သူဘယ်လို ရပ်တည် ရှင်သန်ခဲ့သလဲ ဆိုတာကို ရုပ်သံမှာ ရှုစားနိုင်ပါပြီ။

ဗီဒီယို, မသန်စွမ်း သတင်းထောက်များ, ကြာမြင့်ချိန် 2,10
မသန်စွမ်းတွေကို အလုပ်ခန့်ထားနိုင်ဖို့ သတင်းစာတိုက်တစ်ခုကတော့ မသန်စွမ်းတွေနဲ့ချည်း ဖွဲ့စည်းတည်ထောင်ထားပါတယ်