ဆိုင်ကယ်နဲ့ ကမ္ဘာပတ်ခဲ့သူ မြန်မာအမျိုးသမီး
ဆိုင်ကယ်နဲ့ ကမ္ဘာပတ်ခဲ့သူ မြန်မာအမျိုးသမီး
မတ်လ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ ဒီနေ့ဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို မီးမောင်းထိုးပြတဲ့နေ့တစ်နေ့ဖြစ်တဲ့အပြင် အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုကို ဂုဏ်ပြုကြတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ၁၉၅၅ ခုနှစ်တုန်းက မြန်မာပြည်ကနေ ကမ္ဘာပတ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးလည်း ရှိပါတယ်။ အသက် ၁၈ နှစ် အရွယ်မှာပဲ နိုင်ငံပေါင်း ၃၀ လောက်ကို တစ်နှစ်ကျော် ဆိုင်ကယ်စီးပြီး ပတ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးပါ။ ကမ္ဘာလှည့် တင်တင်စိန်ဆိုတဲ့ နာမည်နဲ့ ခရီးသွားစာအုပ်တွေလည်း ရေးသားခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးအနေနဲ့ အဲဒီတုန်းက ဘယ်လို စွန့်စားခဲ့ရလဲ၊ ဘာတွေကြုံခဲ့ရသလဲဆိုတာ မအိမ့်ခိုင်ဦးက မေးကြည့်တော့ ဒေါ်တင်တင်စိန်က အခုလို ပြန်ပြောပြထားပါတယ်။