ရုရှားသူလျိုကို တိုက်ခိုက်တာ ဘယ်လို အဆိပ်မျိုးလဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရုရှားသူလျိုကို တိုက်ခိုက်တာ ဘယ်လို အဆိပ်မျိုးလဲ

ဓာတုအဆိပ်နဲ့တိုက်ခိုက်ခံခဲ့ရတဲ့ ရုရှားသူလျိုဟောင်းကို ကယ်ရင်း အဆိပ်မိခဲ့တဲ့ ဗြိတိသျှ ရဲအရာရှိဟာ သူကြုံတွေ့ခဲ့ရတာကို ပြန်ပြောနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဆေးရုံမှာ စိုးရိမ်ရတဲ့အဆင့်မှာပဲ ရှိနေပါသေးတယ်။ ရုရှားသူလျိုဟောင်းနဲ့ သူ့သမီးလည်း စိုးရိမ်ရဆဲ အနေအထားပါ။ သူတို့သားအဖကို တိုက်ခိုက်ခဲ့တဲ့ အာရုံကြောကို ထိခိုက်စေတဲ့ အဆိပ်ဟာ ဘယ်လို အဆိပ်မျိုးလဲဆိုတာ သိပ္ပံပညာရှင်တွေကလည်း ရှာဖွေဖော်ထုတ်နေကြပါတယ်။ ဗြိတိသျှအစိုးရကတော့ အခုကိစ္စမှာ ရုရှားရဲ့ လက်ချက်လို့ ပြောဖို့ စောသေးတယ်လို့ ပြောပေမယ့် တကယ်လို့ ကရင်မလင်နန်းတော်ဘက်က ပါဝင်ပတ်သက်တဲ့ အထောက်အထားတွေ့ရင်လည်း အရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ကိုအောင်သွင်က ပြောပြထားပါတယ်။

ဆက်စပ် အကြောင်းအရာများ