ဘီဘီစီ ပါရှားသတင်းထောက်တွေ ခြိမ်းခြောက်ခံရ

ဘီဘီစီ ပါရှားသတင်းထောက်တွေ ခြိမ်းခြောက်ခံရ

ဘီဘီစီ ပါရှားဌာန သတင်းထောက်တွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့အတွက် ဂျနီဗာမှာ ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီမှာ ဘီဘီစီက မကြုံစဖူး မေတ္တာရပ်ခံခဲ့ပါတယ်။ လူ့အခွင့်အရေးကောင်စီမှာလည်း ဒီနေ့ အီရန်က လူ့အခွင့်အရေးအခြေအနေကို ဆွေးနွေးစဉ်အတွင်း အီရန်က ဘီဘီစီဝန်ထမ်းတွေနဲ့ သူတို့မိသားစုတွေ ရင်ဆိုင်ရတဲ့ ခြိမ်းခြောက်ခံရမှုနဲ့ အခွင့်အရေး ပိတ်ပင်ခံရတာမျိုးတွေကို ဆွေးနွေးဖော်ပြခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အီရန်အာဏာပိုင်တွေကို တုံ့ပြန်ဖို့ ဆက်သွယ်ခဲ့ပေမယ့် တရားဝင် တုံ့ပြန်ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒီအကြောင်း ကိုအောင်သွင်က ပြောပြမှာပါ။