ပိတ်ဆို့မှု ချိုးဖောက်ပြီး စင်္ကာပူကုမ္ပဏီတွေ မြောက်ကိုရီးယားကို တင်ပို့
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပိတ်ဆို့မှု ချိုးဖောက်ပြီး စင်္ကာပူကုမ္ပဏီတွေ မြောက်ကိုရီးယားကို တင်ပို့

မြောက်ကိုရီးယား နိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို စင်္ကာပူအခြေစိုက် ကုမ္ပဏီတွေက ဖောက်ဖျက်ပြီး ကုန်ပစ္စည်းတွေ တင်သွင်းခဲ့တယ်လို့ စွပ်စွဲပြောဆိုနေကြပါတယ်။ ဒီစွပ်စွဲမှုတွေအကြောင်း ပေါက်ကြားလာတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာ မူကြမ်းတစ်ခုကို ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။ ဒီပြောဆိုမှုတွေသာ အတည်ဖြစ်မယ်ဆိုရင် အာရှက နိုင်ငံတစ်လွှား ဒီလိုလုပ်ဆောင်ခဲ့တာတွေ ရှိလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ စင်္ကာပူအစိုးရအနေနဲ့ ဒီကိစ္စကို စတင်စုံစမ်းဖော်ထုတ်နေပြီး ဒီပြောဆိုမှုတွေကိုလည်း လေးထားဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဘီဘီစီ သတင်းထောက် ခရစ်ရှမာ ဗာဇဝါနီရဲ့ သတင်းလွှာ ကို မရီရီအောင်က ပြောပြပေးပါလိမ့်မယ်။

ဆက်စပ် အကြောင်းအရာများ