ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်း ၁ သောင်းကျော်ရှိနေတဲ့ ဗင်နီဇွဲလား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်း ၁ သောင်းကျော်ရှိနေတဲ့ ဗင်နီဇွဲလား

မေလမှာ ကျင်းပမယ့် ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲမှာ ကုလမသဂ္ဂက လေ့လာ စောင့်ကြည့်သူတွေကို မစေလွှတ်ဖို့ အတိုက်အခံ အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ သမ္မတ မက်ဒူရိုကတော့ ဒီရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှု ရှိမယ်လို့ ပြောထားပေမယ့် အတိုက်အခံ ကိုယ်စားလှယ်လောင်းတစ်ချို့ကတော့ ဗင်နီဇွဲလားကနေ ထွက်ပြေးခဲ့ရတာ၊ အဖမ်းခံရတာနဲ့ ရွေးကောက်ပွဲမဝင်ဖို့ တားမြစ်ခံရတာတွေ ရှိနေပါတယ်။ တစ်ဘက်မှာလည်း ဗင်နီဇွဲလားနိုင်ငံဟာ သမိုင်းမှာ အဆိုးဆုံး စီးပွားရေး ကပ်ဆိုက်မှုနဲ့ ကြုံနေရပါတယ်။ ဒီနှစ်အတွင်းမှာ ငွေကြေးဖောင်းပွမှုနှုန်းဟာ ရာခိုင်နှုန်း ၁ သောင်း ၃ ထောင်လောက်ထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဗင်နီဇွဲလား နိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်းတွေအကြောင်း ကိုကျော်ဇေယျက ပြောပြပေးပါလိမ့်မယ်။