ရုရှားသံတမန်တွေ ဗြိတိန်က ထွက်သွားဖို့ ထရီဇာမေပြော
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရုရှားသံတမန်တွေ ဗြိတိန်က ထွက်သွားဖို့ ထရီဇာမေပြော

ဗြိတိန်တောင်ပိုင်း ဆော့စဘယ်ရီမြို့မှာ ရုရှား သူလျိုဟောင်းတစ်ဦးကို အာရုံကြောထိခိုက်စေတဲ့ အဆိပ်နဲ့ တိုက်ခိုက်ခဲ့တာဟာ ရုရှားတို့လက်ချက်ဖြစ်တယ်လို့ ဗြိတိန်က စွပ်စွဲပြောဆိုနေသလို ဒီတိုက်ခိုက်မှုအပေါ်မှာ ဗြိတိန်၀န်ကြီးချုပ် ထရီဆာမေက သံတမန်ရေးအရ ပြန်လည် တုန့်ပြန်လိုက်ပါတယ်။ ဗြိတိန်နိုင်ငံတွင်းက ရုရှား သံတမန်တွေကို တစ်ပတ်အတွင်း ထွက်ခွာဖို့ နှင်ထုတ်မှာ ဖြစ်ပါတယ်။ ရုရှားကတော့ ဗြိတိန်ရဲ့ စွပ်စွဲမှုတွေကို ငြင်းဆိုထားပါတယ်။ ရုရှား နိုင်ငံခြားရေး ၀န်ကြီးရဲ့ တုံ့ပြန်ပြောဆိုမှုကိုတင်ဆက်မပေးခင် ၀န်ကြီးချုပ် ထရီဆာမေက မကြာခင် နာရီပိုင်းကပဲ ဗြိတိသျှ ပါလီမန်မှာ ပြောဆိုခဲ့တာကို အရင်ဆုံး ကြည့်ကြရအောင်ပါ။