ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်း ကွယ်လွန်

ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်း ကွယ်လွန်

အချိန်ရဲ့ သမိုင်းအကျဉ်း စာအုပ်အပါအဝင် နာမည်ကြီး သိပ္ပံကျမ်းတွေ ပြုစုခဲ့တဲ့ ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်းတစ်ယောက် အသက် ၇၆ နှစ်အရွယ်မှာ ကွန်လွန်သွားခဲ့ပါပြီ။ သူဟာ ငယ်စဉ်ကတည်းက အာရုံကြောကြွက်သားထိန်းချုပ်မှုMND ရောဂါ ခံစားခဲ့ရတာပါ။ ဒါပေမယ့် အိုင်းစတိုင်းပြီးတဲ့နောက် သူဟာ သိပ္ပံပညာရပ်တွေအကြောင်း အများဆုံး ပြောခဲ့တဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ မစ္စတာ ဟော့ကင်းရဲ့ ဘ၀အကြောင်း ကိုမိုးမြင့်က ပြန်ပြောင်းပြောပြထားပါတယ်။