ရေသန့်ဗူးတွေထဲမှာ ပလစ်စတစ်မှုန်တွေ ပါ၀င်နေတယ်လို့ဆို

ရေသန့်ဗူးတွေထဲမှာ ပလစ်စတစ်မှုန်တွေ ပါ၀င်နေတယ်လို့ဆို

လူတွေ နေ့စဉ်သောက်သုံးနေတဲ့ ရေသန့်ဗူးတွေထဲမှာ ပလပ်စတစ်အမှုန်စတွေ ပါနေတယ်လို့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီစမ်းသပ်ချက်ကို သတင်းထောက်တွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ Orb Media အဖွဲ့ဟာ စီစဉ်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ နာမည်ကြီး တံဆိပ် ၁၁ မျိုးထဲက ရေသန့်ဗူး ၂၅၀ ကျော်ကို စမ်းသပ်ခဲ့တာပါ။

အားလုံး ပလပ်စတစ်အမှုန်တွေ ပါတာ မဟုတ်ပေမယ့် တစ်ချို့ဗူးတွေမှာဆို အမှုန် ရာကျော်ကနေ ထောင်ကျော်ထိ ပါသလို၊ တစ်ချို့ဗူးတွေမှာတော့ ပလပ်စတစ် အမှုန်တွေက ဆံပင်လုံးထက်တောင် ကြီးနေတယ်လို့ ဆိုပါတယ်။

အခုလို တွေ့ရှိမှုတွေကြောင့် ရေသောက်တာက အန္တရာယ်ရှိတယ်လို့ မဆိုပေမယ့် လူတွေရဲ့ ကျန်းမာရေးပေါ်မှာ ပလက်စတစ်အမှုန်စတွေရဲ့ သက်ရောက်မှုတွေကိုလည်း ထပ်ပြီးလေ့လာကြဖို့ အစားအသောက် ဘေးကင်းလုံခြုံရေး ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

အပြည့်အစုံကိုတော့ ကိုမိုးမြင့်က ပြောပြပေးမှာပါ။