မြေမြုပ်ဗုံးတွေနဲ့ ပတ်သက်လို့ မင်းသမီး ဒိုင်ယာနာ ဘာလုပ်ခဲ့သလဲ

မြေမြုပ်ဗုံးတွေနဲ့ ပတ်သက်လို့ မင်းသမီး ဒိုင်ယာနာ ဘာလုပ်ခဲ့သလဲ

၁၉၉၀ ပြည့်လွန်တွေတုန်းက နာမည်ကြီး မင်းသမီး ဒိုင်ယာနာဆိုရင် မသိသူ မရှိလောက်ပါဘူး။ ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်တုန်းက ဝေလမင်းသမီး ဒိုင်ယာနာဟာ မြေမြုပ်ဗုံးတွေကို နိုင်ငံတကာက အသိုင်းအဝိုင်းက ကန့်သတ်ပိတ်ပင်ဖို့ တောင်းဆိုခဲ့ပါတယ်။ သူကိုယ်တိုင်လည်း မိုင်းကွင်းတွေရှိနေတဲ့ အာဖရိက တောင်ပိုင်း အန်ဂိုလာ နိုင်ငံကို သွားခဲ့တာကြောင့် ဒီအပေါ်မှာ ကမ္ဘာက အာရုံစိုက်ခဲ့ကြပါတယ်။ သူနဲ့အတူ အဲဒီ့ကို သွားတဲ့အထဲမှာ ဗြိတိန် မိုင်းရှင်းလင်းရေး ဟေလို Trust အဖွဲ့က ပေါဟစလို့ပ် လည်း ပါသွားခဲ့ပါတယ်။ မင်းသမီး ဒိုင်ယာနာ မသေဆုံးခင် ၆ လအကြာက လုပ်ခဲ့တဲ့ ဒီအစီအစဉ်ရဲ့ အကျိုးသက်ရောက်မှုတွေကိုလည်း ပေါက ဘီဘီစီကို ပြန်ပြောထားပါတယ်။ ဒီအကြောင်း ဉီးမင်းထက်က ပြောပြပေးမှာပါ။