ဂူတာအရှေ့ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ဆဲ
ဂူတာအရှေ့ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ဆဲ
ဆီးရီးယားက သူပုန်တွေထိန်းချုပ်ထားတဲ့ အရှေ့ ဂူတာကို အစိုးရတပ်တွေက အပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့် လူတွေ ထောင်ချီထွက်ပြေးနေကြရပါတယ်။ သေကြေ ထိခိုက်ဒဏ်ရာရသူ များလွန်းလို့ ကုသဖို့မနိုင်မနင်း ဖြစ်နေပြီလို့ ဆရာဝန်တွေက ပြောကြပါတယ်။
ဗြိတိန်အခြေစိုက် စောင့်ကြည်ရေးအဖွဲ့တခုရဲ့ အပြောအရ အခုအခါ အရှေ့ဂူတာရဲ့ ၇၀ ရာခိုင်နှုန်းကို သမ္မတအာဆတ်ရဲ့တပ်တွေက ပြန်သိမ်းနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
ဒီအကြောင်း ဉီးဘမော်က ပြောပြပေးမှာပါ။
ဒီဗီဒီယိုမှာ စိတ်မကောင်းစရာ ပုံရိပ်တွေပါတာကို ကြို အသိပေးအပ်ပါတယ်။