ရုရှားကို ဆန့်ကျင်ဖို့ ဗြိတိသျှ ဝန်ကြီးချုပ် အီးယူကို တိုက်တွန်း

ရုရှားကို ဆန့်ကျင်ဖို့ ဗြိတိသျှ ဝန်ကြီးချုပ် အီးယူကို တိုက်တွန်း

ဗြိတိသျှ ဝန်ကြီးချုပ် ထရီဆာ မေဟာ ဘရပ်ဆဲလ်မြို့မှာ အီးယူ ခေါင်းဆောင်တွေရဲ့ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ဖို့ရှိပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ အီးယူခေါင်းဆောင်တွေကိုလည်း ရုရှားကို စုပေါင်း ဆန့်ကျင်ကြဖို့ နဲ့ သူတို့ရဲ့ သံတမန်တွေကိုလည်း နှင်ထုတ်ကြဖို့ တိုက်တွန်းသွားမှာဖြစ်ပါတယ်။ ဗြိတိန်မှာရှိနေတဲ့ ရုရှားသူလျှိုနဲ့ သမီး ဖြစ်သူတို့ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့နောက်မှာ အခုလို ရုရှားနဲ့ဆက်ဆံရေး အဆင်မပြေ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ယူကေဆိုင်ရာ ရုရှား သံအမတ်ကြီးကတော့ ဒီပြဿနာတွေနဲ့ပတ်သက်လို့ယူကေကိုသာ အပြစ်ဆိုလိုက်ပါတယ်။ သူက ဒီကိစ္စဟာ ရုရှားလက်ချက်ဆိုပြီး ယူကေ ဘက်က ကောက်ချက်ဆွဲ ပြောတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးဘမော်က ပြောပြမှာပါ။