တိုးတက်လာနေတဲ့ ကွန်ပျူတာ ဉာဏ်ရည်တု

တိုးတက်လာနေတဲ့ ကွန်ပျူတာ ဉာဏ်ရည်တု

သိပ္ပံပညာရှင်တွေက နည်းပညာပိုင်း ဉာဏ်ရည်တု ပိုင်းတွေမှာကောင်းသည်ထက် ကောင်းတဲ့ ပစ္စည်းတွေကို အစဉ်တီထွင် ကြံဆ ထုတ်လုပ်နေကြပါတယ်။ စက်ရုပ်တွေမှာပြန်ပြီး ပရိုဂရမ်တွေအသစ်ရေးစရာမလိုဘဲ သူ့ဘာသာ လိုအပ်ချက်တွေကို နားလည်သင်ယူတတ်အောင် ကြိုးစားနေတာပါ။

အဲဒီလို ဖြစ်လာမယ်ဆိုရင် လူနေအိမ်တွေ ရုံးတွေမှာသာမကဘဲ အားကစား ဘက်မှာပါသုံးလို့ ရလာနိုင်မယ်လို့ဆိုပါတယ်။ အဲဒီလို ဖြစ်လာဖို့ကြိုးစားနေတဲ့တက္ကဆက်ပြည်နယ်တနေရာကို ဘီဘီစီက သွားရောက်လေ့လာနိုင်ခဲ့ပါတယ်။ ကိုအောင်သွင်က ပြောပြမှာပါ။