ဘာသာရေးနဲ့ သန္တာကျောက်တန်းတွေကို ထိန်းသိမ်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မယ်တော်မာရီ အစောင့်အရှောက်နဲ့ သန္တာကျောက်တန်း

ဘာသာတရားကိုင်းရှိုင်းမှုက သန္တာကျောက်တန်းတွေကို ထိန်းသိမ်းနိုင်မလား။

ဖိလစ်ပိုင်မှာ ဒိုင်းနမိုက်ဗုံးခွဲပြီး ငါးဖမ်းတဲ့ ဓလေ့ကို ပပျောက်နိုင်ဖို့ အတွက် အများ မျှော်လင့်မထားတဲ့ လက်နက်အသစ်တခုကို ထုတ်သုံးထားပါတယ်။ ဒါကတော့ အပျိစင်မယ်တော်မာရီ ရုပ်တု တခုကို သန္တာကျောက်တန်းတွေ ရှိတဲ့ နေရာ ရေအောက်မှာ မြှပ်ထားတာပါ။

သန္တာကျောက်တန်းတွေ ရှိတဲ့ ကျွန်းစု တဝိုက်ဟာ ငါးအလွန်အကျွံဖမ်းတဲ့ ဒဏ်ကို ခံနေရပြီး လူသားတွေ ပြုမူ လုပ်ကိုင်ပုံကြောင့် အဲဒီက သဘာဝ သတ္တဝါတွေရဲ့ တိုးပွားနှုန်းက လျော့ကျနေပါတယ်။

ဒါပေမယ့် အဲဒီက ဒေသခံတွေက ဘာသာရေး ကိုင်းရှိုင်းကြလို့ မယ်တော်မာရီ ရုပ်တုက အဏ္ဏဝါဗေဒ ဂေဟစနစ်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ကူညီနိုင်မလား။ ရုပ်သံမှာ ရှုစားပါ။