ကမ္ဘာ့ဇိမ်အရှိဆုံးအကျဉ်းထောင်လား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နော်ဝေက လူသားအဆန်ဆုံးထောင်

နော်ဝေနိုင်ငံက ဟာလ်ဒန် အကျဉ်းထောင်ဟာ ကမ္ဘာပေါ်မှာ အကျဉ်းသားတွေ အပေါ် လူသားအဆန်ဆုံး ဆက်ဆံတဲ့ အကျဉ်းထောင် အဖြစ် ညွှန်းဆိုခံရလေ့ရှိပါတယ်။ ထောင်သားတွေဟာ ဂီတတွေ ဖန်တီးနိုင်သလို လက်သမား အလုပ်လိုမျိုး စွမ်းရည် အသစ် တခုခုကိုလည်း လေ့လာနိုင်ပါတယ်။ ကိုယ့်ဘာသာလည်း ချက်ပြုတ်စားသောက်နိုင်ပါတယ်။

သူတို့ကို ပြင်ပ လူမှုအသိုင်းအဝန်းထဲ ပြန်ရောက်ချိန်မှာ အံဝင်ခွင်ကျ ဥပဒေဘောင်အတွင်းမှာ နေထိုင်နိုင်အောင် ဒီလိုနည်းတွေနဲ့ ပြုစု ပျိုးထောင်ပေးပါတယ်။

ဒါကို ကမ္ဘာ့ ဇိမ်အကျဆုံး ထောင် အဖြစ် ပြစ်တင်ဝေဖန်ကြတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် နော်ဝေဟာ ကမ္ဘာပေါ်မှာ ထောင်ကျဖူးသူတွေ ထပ်မံ ပြစ်မှု ကျူးလွန်မှု အနည်းဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။

ထောင်သားတွေကို လူသား အခွင့်အရေး အပြည့်အဝ ပေးထားတဲ့ စနစ်အကြောင်းကို ရုပ်သံမှာ အပြည့်အစုံ ကြည့်ရှုနိုင်ပါတယ်။

ဆက်စပ် အကြောင်းအရာများ