မောင်းသူမဲ့ကားရဲ့ လူသေတဲ့ ယာဉ်တိုက်မှု
မောင်းသူမဲ့ကားရဲ့ လူသေတဲ့ ယာဉ်တိုက်မှု
ပြီးခဲ့တဲ့ သီတင်းပတ် မတ်လ ၁၉ ရက်နေ့က အမေရိကန် ပြည်ထောင်စု အရီဇိုးနားပြည်နယ်က နိုင်ငံတကာ အငှားယာဉ် အူဘာ နည်းပညာ ကုမ္ပဏီရဲ့ မောင်းသူမဲ့ကား စမ်းသပ်မောင်နှင်မှုမှာ မတော်တဆ ယာဉ်တိုက်မှု ကြုံခဲ့ပြီး လူ ၁ ဦး သေဆုံးခဲ့ရပါတယ်။ ဒီအတွက် အရီဇိုးနား ပြည်နယ် အတွင်းမှာ အူဘာရဲ့ မောင်းသူမဲ့ယာဉ် စမ်းသပ်မှုတွေကို တားမြစ်လိုက်ပါတယ်။
ကားကင်မရာကနေ ဖမ်းယူနိုင်ခဲ့တဲ့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပုံကို ရုပ်သံမှာ ပြန်လည် ရှုစားနိုင်ပါတယ်။

အူဘာကုမ္ပဏီရဲ့ မောင်းသူမဲ့ကား မှောက်လို့ ဒီကားတွေရုပ်သိမ်းထား
နိုင်ငံတကာ အငှားယာဉ် ကုမ္ပဏီ အူဘာရဲ့ မောင်းသူမဲ့ ကားတစီး မနေ့က အရီဇိုးနား ပြည်နယ်အတွင်း မတော်တဆ ဖြစ်ပြီး နောက်ပိုင်းမှာ သူ့ရဲ့ မောင်းသူမဲ့ ကားတွေကို အကုန်လုံးကို ပြန်ရုပ်သိမ်း